Friday, July 25, 2014

စပါး ရိတ်သိမ်း စက် ( ဗီယနမ် )



                                   

 ယနေ့မြန်မာနိုင်ငံ တွင် ရိတ်သိမ်းခြွေလှေ့စက်ကြီးများဝင်ရောက်လာပြီဖြစ်သော်လည်း အမှန်တကယ်လက်တွေ့ တွင် ဈေးနှုန်းများကြီးခြင်း၊ ( ရိတ်သိမ်းခြွေလှေ့စက် တစ်စီးလျှင် သိန်းတစ်ရာ မှ လေးရာ ကြားတွင်ရှိသည်)၊ ကုန်ထုတ်လမ်းများ မရှိသောကြောင့် ချောင်းမြောင်းများ ခြားနေသော အခြားလယ်တစ်နေရာသို့ ရိတ်သိမ်းရန် မလွယ်ကူခြင်း ၊ စက်ထိမ်းသိမ်း စရိတ်ကြီးမြင့်ခြင်းတို့ကြောင့် နေပြည်တော် စံနမူနာ ပြ စိုက်ကွက်များတွင်သာ အသုံးတည့်သည်  ။
 ယခုတင်ပြသော စက်တစ်မျိုးမှာ -
ဗီယနမ် နိုင်ငံထုတ် စပါးရိတ်စက် တစ်မျိုးဖြစ်ပါသည်။မြန်မာ တောင်သူဦးကြီးများ နှင့်အထူးသင့်လျော်          သော စက်တစ်မျိုးဖြစ်ပါသည်။တစ်နာရီ တစ်ဧက ကျော်ရိတ်သိမ်းနိုင်စွမ်းရှိပါသည်။ အင်ဂျင်ပါဝါမှာ ၅.၅ မှ ၆.၅ မြင်းကောင်ရေ သုံးထားပါသည်။ ဆီစားနှုန်းမှာ တစ်နာရီ တစ်ပုလင်း ( တစ်လီတာ ) ဖြစ်ပါသည်။ ဧက အနည်းငယ် ရျှိသော တောင်သူဦးကြီး တစ်ယောက်လျှင်တစ်စီး ရှိပါက  တောင်သူများ ပိုမိုတိုးတက်လာမည် ဟုယူဆပါသည် ။ သို့သော် မြန်မာ နိုင်ငံ  တောင်သူ အများစုမှာ အတုအစစ်ခွဲခြား ၀ယ်ယူရန် အရေးကြီးသည်။ ဈေးကွက် အတွင်းတွင် ပုံစံတူများ   များစွာ ရောက်ရှိနေရာယူထားကြပြီးဖြစ်သည်။  ကျွန်တော် အတွေ့ အကြုံ နှင့် ပြောခြင်းဖြစ်ပါသည်။ အချို့ ဒေသများတွင်တောင်သူများ စက် ပိုင်ဆိုင်မှု များ ပြားလာသော်လည်း ဒုက္ခပိုများလာကြသည်။ အကြောင်းမှာ အသုံးတဲ့ သော စက်၊ မှန်ကန်သော စက်ရွေး ချယ်ဝယ်ယူ နိုင်စွမ်းမရှိသောကြောင့်ဖြစ်သည်။ စက်အပိုပစ္စည်း ၀ယ်ယူမရခြင်း၊ ၀ယ်ယူရပါက ဈေးနှုန်းမှာ အင်မတန် မြင့်မားနေခြင်းကြောင့် လည်း စိတ်မချမ်းမြေ့ဖွယ်ဖြစ်သည။် နားမလည်သော တောင်သူဦးကြီးများ အပေါ်တွင် အခွင့် ရေးယူသူများလည်း  ဒု နှင့် ဒေးတွေ့ရသည်။
ထို့ကြောင့်စက်ဝယ်ယူမည်ဟု ဆုံးဖြတ်သူ တောင်သူဦးကြီးတိုင်းအား မှန်မှန်ကန်ကန်လေ့လာ ဆုံး ဖြတ်နိုင်ကြပါစေ  ဟုတိုက်တွန်းအပ်ပါသည်။


ဗီယနမ်စပါးရိတ်စက် ၏ အားသာချက် နှင့် အားနည်းချက်များ
ဗီယနမ်စပါးရိတ်စက်သည်  ရိတ်သိမ်းသူ  ပေါ့ပါးလျှင်မြန်စွာ ရိတ်သိမ်းနိင်သည်။  ဆီစားနှုန်းမှာ တစ်နာရီ တစ်လီတာ ၊ တစ်ဧက ကောင်းစွာ ပြီးစီးနိုင်သောကြောင့် ဆီစားနှုန်းသက်သာသည်ဟု ဆိုနိုင်သည်။ လူနှင့်ရိတ်လျှင် တစ်ဧက ၁၂၀၀၀ ၀န်းကျင် ကျသင့်ပါသည်။ ထို့ကြောင့် သက်သာသည်။ သယ်ယူရလျှင်လည်း ၁၂၀ မှ ၁၆၅ ကီလို အလေးချိန်ရှိသောကြောင့် လူ နှစ်ဦးမလျှင် နိုင်သည်။ စပါးရိတ်သိမ်းရန်သွားရသောနေရာများမှာ ဝေးလံသောကြောင့်စက်၏အလေးချိန်  နှင့်သယ်ယူပို့  ဆောင်ရေး ကိစ္စမှာ လည်း အထူး အရေးကြီးသည်။ စပါးအပင် ရိုးငုတ်အမြင့် တစ်ပေးခွဲအကျန်ထိ ကောင်းစွာရိတ်သိမ်းနိုင်သည်။ လေတိုက်ပြီး ၄၅ ဒီဂရီ ယိုင်နေသော စပါးများကိုလည်း ရိပ်သိမ်းနိုင်သည်။ ၄င်းမှာ အားသာချက်များဖြစ်သည်။

အားနည်းချက်များမှာ -  ပေါ့ပါးအောင်လုပ်ထားတဲ့အတွက် ရှေ့လက်မောင်းကိုင်းသံပိုက်လုံးများမှာ လယ်ကန်သင်း၊ သို့မဟုတ် ပုစွန်ကျစ်စာများကို အရှိန်နှင့်တိုက်မိပါက ကောက်သွားတတ်သည်။ ဓားမှာ ဧကတစ်ရာ ၀န်းကျင်လောက်ရိတ်ပါက တုံးသည်။ လုံးဝရိတ်မရအောင်မဆိုလိုပါ။ အင်ဂျင်ပါဝါမှာ ၄ နာရီဆက်တိုက် မရပ်မနားရိတ်ပါက ပျော့သည်ဟု ယူဆသည်။ ယခုထက်ကြီးသော အင်ဂျင် ကို တင်လျှင်လည်း အဆင်မပြေဟုသိရသည်။  အင်ဂျင် အပိုတစ်လုံး စပါယ်ယာ ဆောင်ထားရသည်။စပါးသယ် သော ရော်ဘာ ဘတ်ကြိုးများ အပျက်များသည်။

( သို့သော် အားလုံးခြုံကြည့်ပါက ရိတ်စက်များ အားလုံးတွင် အသုံးသင့်ဆုံး စက် တစ်လုံးအဖြစ် ယူဆပါသည်။ )
ဗီယနမ်စက် အစစ်၏ အချက်အလက်များ ။
အင်ဂျင်မှာ Honda အင်ဂျင် အစစ်ဖြစ်သည်။ တရုတ်လုပ် Honda လုံးဝမဟုတ်ပါ။ဂီယာဘောက်တွင် Nippon ဆိုသော စာလုံးပါရှိသည်။ ဂီယာဘောက်သည် ပြောင်လက် ၊ ချောမွေ့နေသည်။ ဂီယာထိုးသောလက်ကိုင် ဘုသည် အ၀ိုင်းဖြစ်သည်။ ဘဲဥပုံ မဟုတ်ပါ။  စပါး  သယ်သော  ချိန်း ဒလက် များတွင် နံပါတ် စဉ်ပါရှိသည်။ ဥပမာ- 1 , 2 , 3  စသည်။ ဗီယနမ်အစစ် စပါးရိတ်စက် ကောင်းရခြင်းမှာ စက် အစိတ်အပိုင်း  အချို့မှာ ဂျပန်နိုင်ငံဖြစ်ပစ္စည်းများကြောင့်ဖြစ်သည်။ 

တောင်သူဦးကြီးများ  စစ်မှန်သော စက်များဝယ်ယူနိုင်ကြပါစေ.....




Friday, December 27, 2013

Tes -3074 Clamp meter

အရည်အသွေး ထူးခြားကောင်းမွန်သော ထိုင်ဝမ်နိုင်ငံထုတ် Clamp meter တစ်ခုဖြစ်ပါသည်။ ပစ္စည်းအရည်အသွေး ကောင်းကြိုက်နှစ်သက်သော အင်ဂျင်နီယာများ အတွက် အထူးသင့်လျော်ပါသည်။  ထိုင်ဝမ် ပစ္စည်းအစစ်ဖြစ်သောကြောင့် အရည်အသွေး အထူး စိတ်ချရသည်။www.tes.com.tw/3074.htm‎ တွင် ၀င်ရောက်ကြည့်ရှု့နိုင်သည်။ ရန်ကုန်တွင်ဝယ်ယူလိုပါက ၀၉၂၅၄၀ ၉၂၇၈၇  တွင်ဝယ်ယူနိုင်ကြောင်း
သိရသည်။ထူးခြားချက်မှာ  Phase sequence တိုင်းတာနိုင်ခြင်းဖြစ်သည်။  Price : 130000 ks
ACV , DCV , ACA , HZ, OHM,Continuity , Phase sequence 


Friday, September 20, 2013

ဆောက်လုပ်ရေလုပ်ငန်းသုံး အရည်အသွေး တိုင်းတာစစ်ဆေးသော မီတာများ

JY-LB 900 Non-metalic thickness tester
ဆောက်လုပ်ရေးလုပ်ငန်းကြီးများနှင့် ဆောက်လုပ်ရေးလုပ်ငန်းအရည်အသွေး စစ်ဆေးရေး ဌာနများတွင် အများဆုံး အသုံးပြုပါသည်။ တရုတ်နိုင်ငံထုတ်ဖြစ်သည်။ အင်္ဂလိပ် version နှင့် ရနိုင်သည်။ ဈေးနှုန်းမှာ ၁၃ သိန်းကျော်ရှိသည်။ ၀၉ ၄၂၀ ၁၅ ၃၈၃၄၈ တွင် စုံစမ်းနိုင်သည်။


Sunday, August 25, 2013

မြန်မာ လယ်ယာဈေးကွက်တွင် အသုံးပြုနေသော စက်အမျိုးမျိုး

      ယခုမြန်မာနိုင်ငံလယ်ယာလုပ်ငန်းများတွင် လုပ်သားရှားပါးမှုကြုံတွေ့လာရခြင်း ၊ လယ်ယာလုပ်ငန်း တွင် အသုံးပြုသော  ကျွဲ ၊ နွား ဈေးကြီးလာခြင်းတို့အပြင် ၊ ကျွဲ ၊ နွား တို့ ကိုထိန်းသိမ်းကျွေးမွေး ရသော ထိန်းသိမ်းစရိတ် ကြီးမြင့်လာခြင်း စသည်တို့ကြောင့် လယ်ယာလုပ်ငန်းသုံးစက်များ အသုံးပြုမှု  တွင်ကျယ်လာပေသည်။ လယ်ယာလုပ်ငန်းသုံး စက်အများပြား ဈေးကွက်တွင်တွေ့ရှိသော်လည်း တောင်သူ အများ စုမှာ မိမိနှင့်ကိုက်ညီသော စက်အမျိုးအစား ကို ရွှေးချယ်ဝယ်ယူ တတ်ရန်အရေးကြီးလှပေသည်။ မြန်မာ နိုင်ငံ လယ်ယာသုံး ဈေးကွက်တွင် အများဆုံးတွေ့သောစက်များမှာ တရုတ်နိုင်ငံလုပ် ၊ နှင့် ထိုင်း နိုင်ငံလုပ် စက်များ အများဆုံးတွေ့ရသည်။  ယခင်နှစ်များအတွင်း မြန်မာ လယ်ယာဈေးကွက်တွင် အများဆုံးတွေ့ရသော စက်များမှာ တရုတ်စက်များ ဖြစ်သည်။
ယခု ပုံပါစက်မှာ တရုတ်နိုင်ငံ လုပ်စက်ဖြစ်သည်။ ဈေးကွက် တွင်ယခင်က  အသုံးပြုမှုများသည်ကိုတွေ့ရသည် ။သို့သော်ပြုပြင်ထိန်းသိမ်းစရိတ်နှင့် ဆီစားနှုန်း ကြောင့် အသုံးပြုသူများ ဂရုစိုက်ပြီး အသုံးပြုရသည်။ ကျပ် တစ်ဆယ့်ရှစ်သိန်းဝန်းကျင် ဖြစ်သည်။


ကျပ် သိန်းနှစ်ဆယ်ဝန်းကျင် 

ယိုးဒယားနိုင်ငံထုတ်စက်ဖြစ်သည်။ နေရာစုံ အသုံးပြုနိုင်သည်။ ဈေးကွက်တွင် တောင်ပေါ်ဒေသများမှ စပြီး အသုံးပြုသူကျယ်ပြန့်လာခဲ့ခြင်းဖြစ်သည်။ ယခုအခါ မြေပြန့်ဒေသ တစ်နိုင်ငံ လုံးအသုံးပြုလာကြပြီဖြစ်သ သည်။ ယိုးဒယားတစ်နိုင်ငံလုံးလည်းအသုံးပြုသော စက်ဖြစ်သည်။ ဂျပန်ကုမ္ပဏီမှ ယိုးဒယားတွင် ထုတ်လုပ် ခြင်းဖြစ်သည်။ အရည်အသွေးကောင်းပြီး ထိန်းသိမ်းစရိတ် မရှိလောက်သက်သာသည်။ ဆီစားနှုန်း  သည် အလုပ်ပြီးမြောက်နှုန်းနှင့် နှိုင်းယှဉ်ပါက အလွန်သက်သာပြီး ၊ လူငှါး ခ ၊ ထွန်ငှါးခ တို့ နှင့်တွက်ပါက ပိုမို သက်သာကြောင်းသိရသည်။ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ကျယ်ပြန့်လာမည့် စက်ဖြစ်သည်။ ဂီယာ ဘောက်ကို ယိုးဒယား အစစ် အသုံးပြုပြီး အင်ဂျင်ကို တရုတ်အင်ဂျင်တင်ပြီး ပြည်တွင်းတွင် အသုံးပြုမှု များသည်။ ယိုးဒယားအင်ဂျင်ဈေးသည် တောင်သူများမတတ်နိုင်သောကြောင့်ဟုသိရသည်။

 ပေါင်းရှင်းဘောင်ဖော်မြေထပ် စသည် မြေယာပြုပြင်နိုင်သော စက်ဖြစ်သည်။ ယိုးဒယား ၊ ဂျပန် ၊ ထိုင်ဝမ် နိုင်ငံတို့တွင် အလွန်အသုံးများသော စက်ဖြစ်ကြောင်းသိရသည်။ သီးနှံစိုက်ခင်းများ ၊ ပီလောပီနံ စိုက်ခင်း၊ ဆေးရွက်ကြီး ၊ ပြောင်း ၊ အာလူး ၊ စသည် ဘောင်ဖော်ပြီး စိုက်ရသော စိုက်ခင်းများတွင် အလွန် အသုံးဝင်သော စက်ဖြစ်သည်။ မြန်မာနိုင်ငံတွင် တင်သွင်းသူ နည်းပါးလှသေးသည်။ ဈေးသက်သာစွာ အသုံး ပြုရပါက အလွန် အသုံးဝင်သော စက် တစ်မျိုး ဖြစ်လာမည် ဖြစ်သည်။ ကျပ် တစ်ဆယ့်လေးသိန်းဝန်းကျင်ဖြစ်သည်။

စပါးရိတ်စက် အသေးစားဖြစ်သည်။ ရိတ်ပြီး ညီညာစွာ ဘေးသို့ ချပေးနိုင်သည်။ တစ်နာရီကို တစ်ဧကရိတ်သိမ်း နိုင်သည်။ အစိုအခြောက်  နှစ်မျိုး စလုံး အသုံးပြုနိုင်သည်။ စနစ်တကျ အသုံးပြုနိုင်ပါက အသုံပြုသင့်သော စက်တစ်မျိုးဖြစ်သည်။ ကျပ် တစ်ဆယ့် ရှစ်သိန်းဝန်းကျင်ရှိကြောင်းသိရသည်။ ထိုင်ဝမ် နှင့် ဗီယနမ် နှစ်မျိုးလာသည်။
ကျောပိုးပြီး ဖျန်းနိုင်သော ဆေးဖျန်းစက်ဖြစ်သည် ။ ကျပ်တစ်သိန်းသုံးသောင်းဝန်းကျင်ရှိသည်။ စိုက်ခင်းကျယ် သူတောင်သူ များ ၊ လုပ်ငန်းပိုင်ရှင် များ အထူး သင့်လျှော်သည်။




အများသိရှိပြီး ဖြစ်သော မြက်ရိတ်စက်များဖြစ်ပါသည်။ တရုတ်နိုင်ငံ လုပ်မှာ တစ်သိန်းသုံးသောင်းကျော်ရှိ 
ပြီး ယိုးဒယားလုပ်မှာ သုံးသိန်းနီးပါးရှိသည်။ အလွန်အသုံးဝင်သော မြက်ရိတ်စက်များဖြစ်ပါသည်။
ဖော်ပြပါစက်များကို စိတ်ဝင်စားပါက 09 420 216971 တွင် စုံစမ်းနိုင်ကြောင်းသိရသည်။

Sunday, August 18, 2013

လေဆာဖြင့်အပူချိန်တိုင်းမီတာ ( Infered thermometer )

အပူချိန်တိုင်းတာသောမီ တာဖြစ်ပါသည်။ အပူချိန်း - ၃၅ မှ ၄၀၀ ဒီဂရီ တိုင်းတာနိုင်ပါသည်။ အန္တရာယ်ရှိ သောနေရာများ တွင် အပူချိန်ကို ချက်ချင်းသိလိုပါက လေဆာဖြင်က အဝေးမှ တိုင်းတာနိုင် ပါသည်။ တိကျသေချမှုရှိပြီး ဆရာဝန်များလည်း အသုံးပြုနိုင်ပါသည်။ ကလေးများ အပူချိန်တိုင်းတာရာ တွင် ပြသ်ဒါးတိုင် ဖြင့် တိုင်းတာသော အခက် အခဲများ အတွက် အဆင်ပြေပါသည်။

သီးနှံ အစို ဓာတ်တိုင်းတာသော မီတာ ( Grain Moisture Tester )




သီးနှံ အစို ၊ အခြောက်တိုင်းတာသောမီတာဖြစ်ပါတယ်... အစိုဓာတ်ကို ရာခိုင်နှုန်းဖြင့် ပြပေးပါသည်။ သီးနှံ အမျိုးအစားအလိုက် တိကျစေရန် စပါး ၊ ပြောင်း ၊ ဆန် ၊ ဂျုံ စသည်ဖြင့် လေးမျိုးပြောင်းပြီးတိုင်း တာနိုင်ပါသည်။ တိုင်းတာရလွယ်ကူပြီး အာရုံခံ ကိရိယာ အချောင်းရှည်အား သီးနှံအိတ်ထဲသို့ အလွယ်တကူ ထိုးထည့်ပြီး တိုင်းတာနိုင်သည်။ ဈေးနှုန်းလည်း သင့်တင့်ကြောင်းဘုရင့်နောင် ကုန်စည် ဒိုင်ဝန်းကျင်မှ သီးနှံ ကုန်သည်များထံ မှ သိရှိရသည်။ စိတ်ဝင်စားပါက ဖုန်း 01 0680981 , 0973052265တွင် စုံစမ်းနိုင်ကြောင်းသိရသည်။

ကွန်ကရစ်ဆောက်လုပ်ရေးလုပ်ငန်းသုံး မီတာ

ဆောက်လုပ်ရေးလုပ်ငန်းများတွင် အသုံးပြုသော Steel bar position tester ဖြစ်ပါသည်။ ကွန်ကရစ်အတွင်း တွင် ထည့်ထားသော သံချောင်း ပါဝင်နှုန်းပြည့်မှီမှု တိုင်းတာ နိုင်ပါသည်။ ဆောက်လုပ်ရေးလုပ်ငန်း အရည်အသွေး စစ်ဆေးရေး ကိစ္စများတွင် အထူးအသုံးဝင်ကြောင်းသိရပါသည်။  စိတ်ဝင်စားမှာ ယူလိုပါက 09 420153848 တွင် မှာယူနိုင်ကြောင်းသိရသည်။ မှာယူရန် ကြာချိန်မှာ တစ်လ၀န်းကျင်ဖြစ်ကြောင်းသိရသည်။ ပုံမှာ Chinese Version ဖြစ်ပြီး English Version ဖြင့် မှာယူရရှိနိုင်ပါသည်။