ယနေ့မြန်မာနိုင်ငံ တွင် ရိတ်သိမ်းခြွေလှေ့စက်ကြီးများဝင်ရောက်လာပြီဖြစ်သော်လည်း အမှန်တကယ်လက်တွေ့ တွင် ဈေးနှုန်းများကြီးခြင်း၊ ( ရိတ်သိမ်းခြွေလှေ့စက် တစ်စီးလျှင် သိန်းတစ်ရာ မှ လေးရာ ကြားတွင်ရှိသည်)၊ ကုန်ထုတ်လမ်းများ မရှိသောကြောင့် ချောင်းမြောင်းများ ခြားနေသော အခြားလယ်တစ်နေရာသို့ ရိတ်သိမ်းရန် မလွယ်ကူခြင်း ၊ စက်ထိမ်းသိမ်း စရိတ်ကြီးမြင့်ခြင်းတို့ကြောင့် နေပြည်တော် စံနမူနာ ပြ စိုက်ကွက်များတွင်သာ အသုံးတည့်သည် ။
ယခုတင်ပြသော စက်တစ်မျိုးမှာ -
ဗီယနမ် နိုင်ငံထုတ် စပါးရိတ်စက် တစ်မျိုးဖြစ်ပါသည်။မြန်မာ တောင်သူဦးကြီးများ နှင့်အထူးသင့်လျော် သော စက်တစ်မျိုးဖြစ်ပါသည်။တစ်နာရီ တစ်ဧက ကျော်ရိတ်သိမ်းနိုင်စွမ်းရှိပါသည်။ အင်ဂျင်ပါဝါမှာ ၅.၅ မှ ၆.၅ မြင်းကောင်ရေ သုံးထားပါသည်။ ဆီစားနှုန်းမှာ တစ်နာရီ တစ်ပုလင်း ( တစ်လီတာ ) ဖြစ်ပါသည်။ ဧက အနည်းငယ် ရျှိသော တောင်သူဦးကြီး တစ်ယောက်လျှင်တစ်စီး ရှိပါက တောင်သူများ ပိုမိုတိုးတက်လာမည် ဟုယူဆပါသည် ။ သို့သော် မြန်မာ နိုင်ငံ တောင်သူ အများစုမှာ အတုအစစ်ခွဲခြား ၀ယ်ယူရန် အရေးကြီးသည်။ ဈေးကွက် အတွင်းတွင် ပုံစံတူများ များစွာ ရောက်ရှိနေရာယူထားကြပြီးဖြစ်သည်။ ကျွန်တော် အတွေ့ အကြုံ နှင့် ပြောခြင်းဖြစ်ပါသည်။ အချို့ ဒေသများတွင်တောင်သူများ စက် ပိုင်ဆိုင်မှု များ ပြားလာသော်လည်း ဒုက္ခပိုများလာကြသည်။ အကြောင်းမှာ အသုံးတဲ့ သော စက်၊ မှန်ကန်သော စက်ရွေး ချယ်ဝယ်ယူ နိုင်စွမ်းမရှိသောကြောင့်ဖြစ်သည်။ စက်အပိုပစ္စည်း ၀ယ်ယူမရခြင်း၊ ၀ယ်ယူရပါက ဈေးနှုန်းမှာ အင်မတန် မြင့်မားနေခြင်းကြောင့် လည်း စိတ်မချမ်းမြေ့ဖွယ်ဖြစ်သည။် နားမလည်သော တောင်သူဦးကြီးများ အပေါ်တွင် အခွင့် ရေးယူသူများလည်း ဒု နှင့် ဒေးတွေ့ရသည်။
ထို့ကြောင့်စက်ဝယ်ယူမည်ဟု ဆုံးဖြတ်သူ တောင်သူဦးကြီးတိုင်းအား မှန်မှန်ကန်ကန်လေ့လာ ဆုံး ဖြတ်နိုင်ကြပါစေ ဟုတိုက်တွန်းအပ်ပါသည်။
ဗီယနမ်စပါးရိတ်စက် ၏ အားသာချက် နှင့် အားနည်းချက်များ
ဗီယနမ်စပါးရိတ်စက်သည် ရိတ်သိမ်းသူ ပေါ့ပါးလျှင်မြန်စွာ ရိတ်သိမ်းနိင်သည်။ ဆီစားနှုန်းမှာ တစ်နာရီ တစ်လီတာ ၊ တစ်ဧက ကောင်းစွာ ပြီးစီးနိုင်သောကြောင့် ဆီစားနှုန်းသက်သာသည်ဟု ဆိုနိုင်သည်။ လူနှင့်ရိတ်လျှင် တစ်ဧက ၁၂၀၀၀ ၀န်းကျင် ကျသင့်ပါသည်။ ထို့ကြောင့် သက်သာသည်။ သယ်ယူရလျှင်လည်း ၁၂၀ မှ ၁၆၅ ကီလို အလေးချိန်ရှိသောကြောင့် လူ နှစ်ဦးမလျှင် နိုင်သည်။ စပါးရိတ်သိမ်းရန်သွားရသောနေရာများမှာ ဝေးလံသောကြောင့်စက်၏အလေးချိန် နှင့်သယ်ယူပို့  ဆောင်ရေး ကိစ္စမှာ လည်း အထူး အရေးကြီးသည်။ စပါးအပင် ရိုးငုတ်အမြင့် တစ်ပေးခွဲအကျန်ထိ ကောင်းစွာရိတ်သိမ်းနိုင်သည်။ လေတိုက်ပြီး ၄၅ ဒီဂရီ ယိုင်နေသော စပါးများကိုလည်း ရိပ်သိမ်းနိုင်သည်။ ၄င်းမှာ အားသာချက်များဖြစ်သည်။
အားနည်းချက်များမှာ - ပေါ့ပါးအောင်လုပ်ထားတဲ့အတွက် ရှေ့လက်မောင်းကိုင်းသံပိုက်လုံးများမှာ လယ်ကန်သင်း၊ သို့မဟုတ် ပုစွန်ကျစ်စာများကို အရှိန်နှင့်တိုက်မိပါက ကောက်သွားတတ်သည်။ ဓားမှာ ဧကတစ်ရာ ၀န်းကျင်လောက်ရိတ်ပါက တုံးသည်။ လုံးဝရိတ်မရအောင်မဆိုလိုပါ။ အင်ဂျင်ပါဝါမှာ ၄ နာရီဆက်တိုက် မရပ်မနားရိတ်ပါက ပျော့သည်ဟု ယူဆသည်။ ယခုထက်ကြီးသော အင်ဂျင် ကို တင်လျှင်လည်း အဆင်မပြေဟုသိရသည်။ အင်ဂျင် အပိုတစ်လုံး စပါယ်ယာ ဆောင်ထားရသည်။စပါးသယ် သော ရော်ဘာ ဘတ်ကြိုးများ အပျက်များသည်။
( သို့သော် အားလုံးခြုံကြည့်ပါက ရိတ်စက်များ အားလုံးတွင် အသုံးသင့်ဆုံး စက် တစ်လုံးအဖြစ် ယူဆပါသည်။ )
ဗီယနမ်စက် အစစ်၏ အချက်အလက်များ ။
အင်ဂျင်မှာ Honda အင်ဂျင် အစစ်ဖြစ်သည်။ တရုတ်လုပ် Honda လုံးဝမဟုတ်ပါ။ဂီယာဘောက်တွင် Nippon ဆိုသော စာလုံးပါရှိသည်။ ဂီယာဘောက်သည် ပြောင်လက် ၊ ချောမွေ့နေသည်။ ဂီယာထိုးသောလက်ကိုင် ဘုသည် အ၀ိုင်းဖြစ်သည်။ ဘဲဥပုံ မဟုတ်ပါ။ စပါး သယ်သော ချိန်း ဒလက် များတွင် နံပါတ် စဉ်ပါရှိသည်။ ဥပမာ- 1 , 2 , 3 စသည်။ ဗီယနမ်အစစ် စပါးရိတ်စက် ကောင်းရခြင်းမှာ စက် အစိတ်အပိုင်း အချို့မှာ ဂျပန်နိုင်ငံဖြစ်ပစ္စည်းများကြောင့်ဖြစ်သည်။
တောင်သူဦးကြီးများ စစ်မှန်သော စက်များဝယ်ယူနိုင်ကြပါစေ.....
No comments:
Post a Comment