Friday, December 27, 2013

Tes -3074 Clamp meter

အရည်အသွေး ထူးခြားကောင်းမွန်သော ထိုင်ဝမ်နိုင်ငံထုတ် Clamp meter တစ်ခုဖြစ်ပါသည်။ ပစ္စည်းအရည်အသွေး ကောင်းကြိုက်နှစ်သက်သော အင်ဂျင်နီယာများ အတွက် အထူးသင့်လျော်ပါသည်။  ထိုင်ဝမ် ပစ္စည်းအစစ်ဖြစ်သောကြောင့် အရည်အသွေး အထူး စိတ်ချရသည်။www.tes.com.tw/3074.htm‎ တွင် ၀င်ရောက်ကြည့်ရှု့နိုင်သည်။ ရန်ကုန်တွင်ဝယ်ယူလိုပါက ၀၉၂၅၄၀ ၉၂၇၈၇  တွင်ဝယ်ယူနိုင်ကြောင်း
သိရသည်။ထူးခြားချက်မှာ  Phase sequence တိုင်းတာနိုင်ခြင်းဖြစ်သည်။  Price : 130000 ks
ACV , DCV , ACA , HZ, OHM,Continuity , Phase sequence 


Friday, September 20, 2013

ဆောက်လုပ်ရေလုပ်ငန်းသုံး အရည်အသွေး တိုင်းတာစစ်ဆေးသော မီတာများ

JY-LB 900 Non-metalic thickness tester
ဆောက်လုပ်ရေးလုပ်ငန်းကြီးများနှင့် ဆောက်လုပ်ရေးလုပ်ငန်းအရည်အသွေး စစ်ဆေးရေး ဌာနများတွင် အများဆုံး အသုံးပြုပါသည်။ တရုတ်နိုင်ငံထုတ်ဖြစ်သည်။ အင်္ဂလိပ် version နှင့် ရနိုင်သည်။ ဈေးနှုန်းမှာ ၁၃ သိန်းကျော်ရှိသည်။ ၀၉ ၄၂၀ ၁၅ ၃၈၃၄၈ တွင် စုံစမ်းနိုင်သည်။


Sunday, August 25, 2013

မြန်မာ လယ်ယာဈေးကွက်တွင် အသုံးပြုနေသော စက်အမျိုးမျိုး

      ယခုမြန်မာနိုင်ငံလယ်ယာလုပ်ငန်းများတွင် လုပ်သားရှားပါးမှုကြုံတွေ့လာရခြင်း ၊ လယ်ယာလုပ်ငန်း တွင် အသုံးပြုသော  ကျွဲ ၊ နွား ဈေးကြီးလာခြင်းတို့အပြင် ၊ ကျွဲ ၊ နွား တို့ ကိုထိန်းသိမ်းကျွေးမွေး ရသော ထိန်းသိမ်းစရိတ် ကြီးမြင့်လာခြင်း စသည်တို့ကြောင့် လယ်ယာလုပ်ငန်းသုံးစက်များ အသုံးပြုမှု  တွင်ကျယ်လာပေသည်။ လယ်ယာလုပ်ငန်းသုံး စက်အများပြား ဈေးကွက်တွင်တွေ့ရှိသော်လည်း တောင်သူ အများ စုမှာ မိမိနှင့်ကိုက်ညီသော စက်အမျိုးအစား ကို ရွှေးချယ်ဝယ်ယူ တတ်ရန်အရေးကြီးလှပေသည်။ မြန်မာ နိုင်ငံ လယ်ယာသုံး ဈေးကွက်တွင် အများဆုံးတွေ့သောစက်များမှာ တရုတ်နိုင်ငံလုပ် ၊ နှင့် ထိုင်း နိုင်ငံလုပ် စက်များ အများဆုံးတွေ့ရသည်။  ယခင်နှစ်များအတွင်း မြန်မာ လယ်ယာဈေးကွက်တွင် အများဆုံးတွေ့ရသော စက်များမှာ တရုတ်စက်များ ဖြစ်သည်။
ယခု ပုံပါစက်မှာ တရုတ်နိုင်ငံ လုပ်စက်ဖြစ်သည်။ ဈေးကွက် တွင်ယခင်က  အသုံးပြုမှုများသည်ကိုတွေ့ရသည် ။သို့သော်ပြုပြင်ထိန်းသိမ်းစရိတ်နှင့် ဆီစားနှုန်း ကြောင့် အသုံးပြုသူများ ဂရုစိုက်ပြီး အသုံးပြုရသည်။ ကျပ် တစ်ဆယ့်ရှစ်သိန်းဝန်းကျင် ဖြစ်သည်။


ကျပ် သိန်းနှစ်ဆယ်ဝန်းကျင် 

ယိုးဒယားနိုင်ငံထုတ်စက်ဖြစ်သည်။ နေရာစုံ အသုံးပြုနိုင်သည်။ ဈေးကွက်တွင် တောင်ပေါ်ဒေသများမှ စပြီး အသုံးပြုသူကျယ်ပြန့်လာခဲ့ခြင်းဖြစ်သည်။ ယခုအခါ မြေပြန့်ဒေသ တစ်နိုင်ငံ လုံးအသုံးပြုလာကြပြီဖြစ်သ သည်။ ယိုးဒယားတစ်နိုင်ငံလုံးလည်းအသုံးပြုသော စက်ဖြစ်သည်။ ဂျပန်ကုမ္ပဏီမှ ယိုးဒယားတွင် ထုတ်လုပ် ခြင်းဖြစ်သည်။ အရည်အသွေးကောင်းပြီး ထိန်းသိမ်းစရိတ် မရှိလောက်သက်သာသည်။ ဆီစားနှုန်း  သည် အလုပ်ပြီးမြောက်နှုန်းနှင့် နှိုင်းယှဉ်ပါက အလွန်သက်သာပြီး ၊ လူငှါး ခ ၊ ထွန်ငှါးခ တို့ နှင့်တွက်ပါက ပိုမို သက်သာကြောင်းသိရသည်။ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ကျယ်ပြန့်လာမည့် စက်ဖြစ်သည်။ ဂီယာ ဘောက်ကို ယိုးဒယား အစစ် အသုံးပြုပြီး အင်ဂျင်ကို တရုတ်အင်ဂျင်တင်ပြီး ပြည်တွင်းတွင် အသုံးပြုမှု များသည်။ ယိုးဒယားအင်ဂျင်ဈေးသည် တောင်သူများမတတ်နိုင်သောကြောင့်ဟုသိရသည်။

 ပေါင်းရှင်းဘောင်ဖော်မြေထပ် စသည် မြေယာပြုပြင်နိုင်သော စက်ဖြစ်သည်။ ယိုးဒယား ၊ ဂျပန် ၊ ထိုင်ဝမ် နိုင်ငံတို့တွင် အလွန်အသုံးများသော စက်ဖြစ်ကြောင်းသိရသည်။ သီးနှံစိုက်ခင်းများ ၊ ပီလောပီနံ စိုက်ခင်း၊ ဆေးရွက်ကြီး ၊ ပြောင်း ၊ အာလူး ၊ စသည် ဘောင်ဖော်ပြီး စိုက်ရသော စိုက်ခင်းများတွင် အလွန် အသုံးဝင်သော စက်ဖြစ်သည်။ မြန်မာနိုင်ငံတွင် တင်သွင်းသူ နည်းပါးလှသေးသည်။ ဈေးသက်သာစွာ အသုံး ပြုရပါက အလွန် အသုံးဝင်သော စက် တစ်မျိုး ဖြစ်လာမည် ဖြစ်သည်။ ကျပ် တစ်ဆယ့်လေးသိန်းဝန်းကျင်ဖြစ်သည်။

စပါးရိတ်စက် အသေးစားဖြစ်သည်။ ရိတ်ပြီး ညီညာစွာ ဘေးသို့ ချပေးနိုင်သည်။ တစ်နာရီကို တစ်ဧကရိတ်သိမ်း နိုင်သည်။ အစိုအခြောက်  နှစ်မျိုး စလုံး အသုံးပြုနိုင်သည်။ စနစ်တကျ အသုံးပြုနိုင်ပါက အသုံပြုသင့်သော စက်တစ်မျိုးဖြစ်သည်။ ကျပ် တစ်ဆယ့် ရှစ်သိန်းဝန်းကျင်ရှိကြောင်းသိရသည်။ ထိုင်ဝမ် နှင့် ဗီယနမ် နှစ်မျိုးလာသည်။
ကျောပိုးပြီး ဖျန်းနိုင်သော ဆေးဖျန်းစက်ဖြစ်သည် ။ ကျပ်တစ်သိန်းသုံးသောင်းဝန်းကျင်ရှိသည်။ စိုက်ခင်းကျယ် သူတောင်သူ များ ၊ လုပ်ငန်းပိုင်ရှင် များ အထူး သင့်လျှော်သည်။




အများသိရှိပြီး ဖြစ်သော မြက်ရိတ်စက်များဖြစ်ပါသည်။ တရုတ်နိုင်ငံ လုပ်မှာ တစ်သိန်းသုံးသောင်းကျော်ရှိ 
ပြီး ယိုးဒယားလုပ်မှာ သုံးသိန်းနီးပါးရှိသည်။ အလွန်အသုံးဝင်သော မြက်ရိတ်စက်များဖြစ်ပါသည်။
ဖော်ပြပါစက်များကို စိတ်ဝင်စားပါက 09 420 216971 တွင် စုံစမ်းနိုင်ကြောင်းသိရသည်။

Sunday, August 18, 2013

လေဆာဖြင့်အပူချိန်တိုင်းမီတာ ( Infered thermometer )

အပူချိန်တိုင်းတာသောမီ တာဖြစ်ပါသည်။ အပူချိန်း - ၃၅ မှ ၄၀၀ ဒီဂရီ တိုင်းတာနိုင်ပါသည်။ အန္တရာယ်ရှိ သောနေရာများ တွင် အပူချိန်ကို ချက်ချင်းသိလိုပါက လေဆာဖြင်က အဝေးမှ တိုင်းတာနိုင် ပါသည်။ တိကျသေချမှုရှိပြီး ဆရာဝန်များလည်း အသုံးပြုနိုင်ပါသည်။ ကလေးများ အပူချိန်တိုင်းတာရာ တွင် ပြသ်ဒါးတိုင် ဖြင့် တိုင်းတာသော အခက် အခဲများ အတွက် အဆင်ပြေပါသည်။

သီးနှံ အစို ဓာတ်တိုင်းတာသော မီတာ ( Grain Moisture Tester )




သီးနှံ အစို ၊ အခြောက်တိုင်းတာသောမီတာဖြစ်ပါတယ်... အစိုဓာတ်ကို ရာခိုင်နှုန်းဖြင့် ပြပေးပါသည်။ သီးနှံ အမျိုးအစားအလိုက် တိကျစေရန် စပါး ၊ ပြောင်း ၊ ဆန် ၊ ဂျုံ စသည်ဖြင့် လေးမျိုးပြောင်းပြီးတိုင်း တာနိုင်ပါသည်။ တိုင်းတာရလွယ်ကူပြီး အာရုံခံ ကိရိယာ အချောင်းရှည်အား သီးနှံအိတ်ထဲသို့ အလွယ်တကူ ထိုးထည့်ပြီး တိုင်းတာနိုင်သည်။ ဈေးနှုန်းလည်း သင့်တင့်ကြောင်းဘုရင့်နောင် ကုန်စည် ဒိုင်ဝန်းကျင်မှ သီးနှံ ကုန်သည်များထံ မှ သိရှိရသည်။ စိတ်ဝင်စားပါက ဖုန်း 01 0680981 , 0973052265တွင် စုံစမ်းနိုင်ကြောင်းသိရသည်။

ကွန်ကရစ်ဆောက်လုပ်ရေးလုပ်ငန်းသုံး မီတာ

ဆောက်လုပ်ရေးလုပ်ငန်းများတွင် အသုံးပြုသော Steel bar position tester ဖြစ်ပါသည်။ ကွန်ကရစ်အတွင်း တွင် ထည့်ထားသော သံချောင်း ပါဝင်နှုန်းပြည့်မှီမှု တိုင်းတာ နိုင်ပါသည်။ ဆောက်လုပ်ရေးလုပ်ငန်း အရည်အသွေး စစ်ဆေးရေး ကိစ္စများတွင် အထူးအသုံးဝင်ကြောင်းသိရပါသည်။  စိတ်ဝင်စားမှာ ယူလိုပါက 09 420153848 တွင် မှာယူနိုင်ကြောင်းသိရသည်။ မှာယူရန် ကြာချိန်မှာ တစ်လ၀န်းကျင်ဖြစ်ကြောင်းသိရသည်။ ပုံမှာ Chinese Version ဖြစ်ပြီး English Version ဖြင့် မှာယူရရှိနိုင်ပါသည်။

Tuesday, July 23, 2013

မီးစက် နှင့် မီးစက် အပိုပစ္စည်း ဈေးနှုန်းများ

Universal 10A ( Myanmarvictor )



Model : Universal 10A
Made  : Taiwan
Price   :  75000
Spec:  ;  90VDC , 10ADC










 
       
      Model : Universal 8A
      Made  : China
      Price   : 36000
      Spec:  ;  90VDC , 8ADC
               Model : Universal 12A
               Made  : China
               Price   : 50000
               Spec:  ;  90VDC , 12ADC
               Model : Universal 15A
               Made  : China
               Price   : 65000
               Spec:  ;  90VDC , 15ADC












Model :  EA : 15A , DC 90V
Price   : 260,000





                         
                            Model :  SX - 440 
                            Price   :106,000
                            Specification : 5A , 90V



                    Model :  EA 05A 
                    Price   :107,000
                    Specification : 5A , 90V

         Model :  95V 45 A 
         Price   :269,500
                            
                                                   Model :  95V 25 A 
                                                   Price   :231,000
       Model :  180V 45 A 
       Price   :269,500
                                                   Model :  180V 25 A 
                                                   Price   :231,000




 Model ; EA - 460
Prece   : 60000





Monday, July 22, 2013

စက်ရုံသုံး ၊ အိမ်သုံးမော်တာများ။

 ရန်ကုန် နှင့် မြန်မာဈေးကွက်ရှိ စက်ရုံသုံးအိမ်သုံးမော်တာအများ စုမှာ တရုတ် နိုင်ငံ ထုတ်မော်တာများ ဖြစ် သည် တံဆိပ်အားဖြင့်  PEM , KEM , MINGTONG  တံဆိပ်များမှာ အများဆုံးအသုံးပြုသောတံဆိပ်များ   ဖြစ်သည်။ ယခု 2013 တွင် PEM သည် အသုံးအများဆုံးဖြစ်လာသည်ဟု ခန့်မှန်းရသည်။ သို့သော် အရည်အသွေးသင့်သော Singapore Made   ..ATT  တံဆိပ်လည်းဈေးကွက်တွင် ရပ်တည်လာသည်။ Quality ပိုင်းတွင် အမှန်တကယ်စိတ်ချရသော Japan Made , Taiwan Made မော်တာများကို လည်း အသုံးပြု  ရန် အတွက် ၀ယ်ယူရရှိနိုင်သည်။ Mitsubishi (  Japan Made ) , Teco ( Taiwan Made ) များမှာ  Quality သိပ်   ကောင်းပါတယ်..လို့ကျွမ်းကျင် အင်ဂျင်နီယာများမှ မှတ်ချက်ပေးပါတယ်.ဒါပေမဲ့ ဈေးအနေအထား  
တရုတ်နိုင်ငံထုတ်မော်တာများထက် အတော်ကွာပါတယ်... Teco ( made in Taiwan ) အစစ်သည် နိုင်ငံပေါင်း  ၄၀ ကျော်ရောင်းချနေသော မော်တာ ဖြစ်သည်။ အချို့Mitsubishi Air con တွင် ပါဝင်သော Fan motor သည် Teco တံဆိပ်ဖြစ်သည်ဟု အချို့ဆရာများမှ ပြောကြားသည်။ ထို့ကြောင့် Teco motor သည် ယုံ ကြည်စိတ်ချစွာ အသုံးပြုနိုင်ကြောင်းသိရသည်။ Han Sein Thant Company သည် ရန်ကုန်ရှိ ရေတွန်းပန့် နှင့် အခြားရေတွန်းစက်ရုံ ပရောဂျက်များတွင် Teco Motor များကို အများစုသုံးထားသည်ကို တွေ့ရသည်။ မြန်မာ နိုင်ငံတွင် Teco motor တင်သွင်းသူ ( ၃ ) ဦး ရှိသည်ဟု ဈေးကွက်အတွင်းမှ သိရသည်။ Thailand တွင် လည်း Teco အခြေစိုက် အေးဂျင့်ရှိသည်ဟုသိရသည်။
                  အချို့ စက်မှုအင်ဂျင်နီယာများ၊ စက်ရုံပိုင်ရှင် များ နှင့် စက်ဆရာများမှာ မော်တာကို ဈေး သက်သာမှုတွင် သာကြည့်တတ်ကြသည်။  Brand name ရဲ့ နောက်ကြောင်း ၊ အစစ်မှန် ဟုတ်မဟုတ် နှင့် တံဆိပ်ပေါ်ရှိ  အသိအမှတ်ပြု အမှတ်အသားများသည် မှန် / မမှန် ကို သိပ်ပြီး မဆုံးဖြတ်တတ်ကြဟုယူဆပါ သည်။ ကြေးကျွိုင်စစ်လား ၊ စစ်ရင် ဈေးသက်သာမှုကိုဘဲ ရွေးချယ်ကြသည်။ ဒါကြောင့် တစ်ချို့  ကျွန်တော် တွေ့ဖူးသော ဆန်စက်ပိုင်ရှင်တစ်ယောက်ဆိုလျှင် 20Hp မော်တာတစ်လုံး လောင်သည် မှာ အကြိမ် ပေါင်းသုံးကြိမ်းထက်မနည်းရှိပြီ ဟု သိရသည်။ ဆန်စက်သည် Heavy Duty Load အသုံးပြုသည်။ ထို့  ကြောင့်အရည်အသွေးသည် အဓိက ကျသည်။ မော်တာရဲ့ အတွင်းပိုင်းအစိတ်အပိုင်းများကို လေ့လာ ရန်တင်ထားပေးလိုက်ပါတယ်..
Gear Motor
မော်တာ ၀ယ်မယ်ဆိုရင် သူ့Company ရဲ့   Catalogue  ဟာလည်းအရေးကြီးပါတယ်..ကျွန်တော်မှာ teco မော်တာရဲ့ Catalogue ရှိလို့ တင်ပေးလိုက်ပါတယ်....




 








( Pneumatic Equipmentsများလေ့လာရန် )

မြန်မာနိုင်ငံရှိစက်ရုံများတွင် ၂၀၀၀ ခုနှစ်နှောင်းပိုင်းမှ စပြီး လေပိုက်ဆက်ပစ္စည်း များအသုံးပြုမှုတွင်ကျယ်  လာခဲ့သည်။ Air compressor မှ စပြီး လေပိုက်များ ၊ လေပိုက်ဆက် socket များ၊ ကားဘီးတပ်ဆင်ရာတွင်  ဘီးနပ်တပ်သော Air Gun များ ၊ Air Grinder များ၊solenoid valve များ ၊ air filter and regulator များ ၊ air cylinder များ၊ ကျောက်ခွဲရာတွင်သုံးသော High speed air Gun များ သည် အသုံးအများဆုံး ဖြစ်လာသည်။
နမူနာများ။


 မိမိ လိုအပ်သော Pneumatic Equipments များ ရှာဖွေဝယ်ယူနိုင်ပါစေ...  ရှာလို့ ခက်ခဲနေလျှင်  0973069086 ကို ဆက်သွယ် အကြံဥာဏ်တောင်း နိုင်ပါတယ်..တတ်နိုင်သလောက်ကူညီပါမယ်..
 One way air solenoid valve( 220 v AC , 24vDC )
 One way directional valve ( Air , water )
1/2" Size
3/4" Size
( Coil -220v )




Air regulator and Filter ( အရစ်ဆိုဒ် မိမိနှစ်သက်ရာ ရွှေးချယ်နိုင်ပါတယ်.ဈေးက အတူတူ ပါဘဲ) 








Solenoid valve ဖြစ်ပါတယ်..coil voltage 220 v , 24vDc ရနိုင်ပါတယ်.. အကြီး အသေး ပေါ်မူတည်ပြီး 110-06 , 210-08 , 310-10 , 410 - 10 ဆိုပြီး Model  ကွာ ပါတယ်..ဈေးလည်းကွာပါတယ်..လုပ်ဆောင်ပုံတူပါတယ်..5/2 way တွေပါဘဲ။

လိုင်းကောင်းမှ edit လုပ်ပြီးထပ်တင်ပေးပါမယ်..


Sunday, July 21, 2013

မီးစက်ကြီး အပို ပစ္စည်းများ နှင့် ဈေးနှုန်းများအကြောင်း

မီးစက်ကြီး များ တွင် အဓိက ပျက်စီးတတ်သော ပစ္စည်းများ မှာ -

( ၁ ) Automatic voltage Regulator ( AVR ) မီးစက်အထွက်ဗို့အားကို တည်ငြိမ်စေသော AVR ကဒ်။
     အရည်အသွေးကောင်းသော  နိုင်ငံခြားမီးစက်များတွင် တွဲလျှက်ပါသော  Original AVR များမှာအရည်အ
   အသွေး ကောင်းပြီး ပျက်စီးသွားပါက ပြုပြင်လို့ မရနိုင်ပါ..အများဆုံးပျက်စီးတတ်သော အကြောင်းများမှာ မီးစက်မောင်းသူ ( Operator ) ရဲ့ အမှား ကြောင့်လည်းဖြစ်တတ်သည်။ ဥပမာ။  ။ မီးစက်ကို load ဆွဲနေချိန် တွင် Main Breaker ကိုမချဘဲ ခဏခဏ ပိတ်ခြင်း။ ထို့အပြင်  မီးစက်ကို မိုးရေထဲတွင် အကာအရံ နည်းစွာ ဖြင့် ထားခြင်းကြောင့်  AVR  ကို ရေငွေ့ ရိုက်ခြင်းကြောင့်လည်းပျက်စီးတတ်သည်။
                         ပျက်စီးသွားပါက Original AVR ၀ယ်ယူရသည်မှာ မြန်မာပြည်တွင် ခက်ခဲသည်။ ရရှိပါက ဈေးမှာ အင်မတန်ကြီးနေတတ်ပါသည်။ DENYO card များဆိုလျှင် ၁၀ သိန်းနီးပါးကျမည်။ Stamford card ဆိုလျှင် ၁၀ သိန်းကျော်သည်။ အခြား ပြင်သစ် brand များဆိုပါက ၀ယ်လို့ မရပါ..မှာယူပါ က တစ်လ ၊ နှစ်လ မီးစက်မမောင်းဘဲရပ်လို့စောင့်ရသည်။ 
                       လွယ်ကူစွာ ဖြေရှင်းလို့ရတာကတော့ ... Universal Automaitc Voltage Regulator များပင်ဖြစ်သည်။ ဥပမာ။။ ထိုင်ဝမ် ကဒ်များ ၊ တရုတ်ကဒ်များ ၊ စင်္ကပူကဒ်များ ဖြစ်သည်။ ပုံတွင်ကြည့်နိုင်သည်။

 ဒီကဒ်ကတော့  Stamford အတွက်ဖြစ်ပါတယ်..ဈေးလည်းသိပ်မကြီးပါ ဘူး ..၀ယ်ရတာလည်းလွယ်တယ်..တပ်ရတာလည်းလွယ်ပါတယ်.. Model : SX -440 ဖြစ်ပါတယ်..      
DC Amp: 5 Amp ရှိပြီး Dc 90 Volt အလုပ်လုပ်ပေးပါတယ်..




 အခြား Universal AVR  မျိုးစုံလည်းရှိပါတယ်..
 ဒီကဒ်က 8 A , 12A , 15A ဆိုပြီး သုံးမျိုးလာပါတယ်..8A က 50KVA   လောက်သုံးလို့ ရတယ်..12A က 100 to 150 KVA လောက်သုံး လို့ရတယ်..15A က 300 KVA လောက်ထိသုံးလို့ ရတယ်လို့ အကြမ်းဖျင်း ယူဆလို့ရပါတယ်..
Model  : GAVR 8A
              GAVR 15A
              GAVR 12A
              GAVR 20A ( အများဝယ်လိုလျှင်အထူးဈေးနှုန်းကြောင့် အများကြီး သက်သာပါတယ်..၀၉၇၃၀၆၉၀၈၆ မှာ ၀ယ်နိုင်ပါတယ်မြန်မာပြည်မှာ လက်ရှိ အသုံးအများဆုံးကဒ်ပါပဲ.)

ဒီကဒ်လည်း ဒုတိယ အများဆုံးအသုံးပြုတဲ့ ကဒ်လို့ ပြောလို့ရပါတယ်..
Model : sx 460    
                                      




ဒီကဒ်က ထိုင်ဝမ်း အစစ်ရရင် ပိုကောင်းပါတယ်..ထိုင်ဝမ် kutai company ကထုတ်တာပါ..company က မော်ဒယ်သစ်တွေကြောင့်မထုတ်တော့ ဘူးလို့လည်းကြားနေတယ်..ဟုတ်မဟုတ်တော့မသေချာပါ. China ကလည်းထုတ်ပါတယ်..မဆိုးပါဘူး .ကောင်းပါတယ်..ထိုင်ဝမ် လောက်တော့ မကြိုက်ဘူးလို့ ဆရာ့ဆရာ ရန်ကုန်ကမီးစက်ဆရာအင်ဂျင်နီယာ များထံမှ ကြားရကြောင်းပါ...ဈေးကတော့ မသက်သာပါ.. အခြားကဒ်များထက်  များပါတယ်...တည်ဆောက်ထားတဲ့ Diode , SCR တွေက အခြားကဒ်တွေထက် တောင့်တယ်လို့ သိရပါတယ်..ဒါကြောင့် ဈေးကြီးတာလို့ အင်ဂျင်နီယာများမှ မှတ် ချက်ချကြပါတယ်..ထိုင်ဝမ် ကဒ် အစစ်ကိုတော့ Royal Myanmar Trading , Ph; 680981 , 0973052265 မှာ ၀ယ်ယူနိုင်ပါတယ်..ဈေးက ကိုယ်တိုင်တာ မေးကြည့်ပြီး ဆစ်ကြပါ..
ဒီပုံး က လည်း AVR ပဲ ဖြစ်ပါတယ်..
Model : 45A , 90/180V DC
              25A , 90 / 180 VDC
ကာဘွန်ထောက်သုံးသောမီးစက်များ ( Brush type ) တွေ အတွက် အထူး သင့် လျှော်ပါတယ်..သိပ်ကောင်းတဲ့ AVR ဖြစ်ပါတယ်..DC Amp; တောင့်တင်းပါတယ်..ဒါပေမဲ့ နေရာတော့ ယူပါတယ်..မီးစက်ထဲ ထည့်လို့ မရရင် အပြင်မှာ ထိုင်မယ်ဆိုရင်တော့ အစိုဓာတ် နှင့် အင်းဆက် အန္တရယ် သတိပြုပြီး တပ်ဆင်ပါ..ဒါမှ ကြာရှည်စွာအသုံးပြုနိုင်မှာ ဖြစ်ပါတယ်..

( ၂ ) ဒုတိယ အပျက်အများဆုံးက မီးစက်မှ water temperature Sensor and Gauge  , Oil pressure Sensor and Gauge ဖြစ်ပါတယ်..


water temperature sensor ဖြစ်ပါတယ်..
                    


   
water temperature gauge ဖြစ်တယ်..Sensor and Gauge ရော နှစ်မျိုးလုံး ဟာ တရုတ်နိုင်ငံ နာမည်ကြီး VDO  တံဆိပ်ဖြစ်ပါတယ်..တရုတ်တော့ တရုတ်ပါ..ဒါပေမဲ့ Quality ကောင်းပါတယ်ခင်ဗျ..အာမခံပါတယ်..
ဒီထက်ကောင်းတာကတော့ ထိုင်ဝမ်ထုတ်တွေရှိပါတယ်..ဈေးကြီးပါ တယ်..တပ်မတော်ခန်းမမှာ လုပ်သွားတဲ့ Taiwan EMMA ပြပွဲမှာလည်း လာပြသွားပါတယ်..ဒါပေမဲ့ မြန်မာပြည် ကိုယ်စားလှယ်တော့ မရသွား ရှာဘူးထင်တယ်..

                    Oil pressure sensor VDO တံဆိပ်ဖြစ်ပါတယ်..






                         Oil pressure gauge ဖြစ်ပါတယ်..အင်ဂျင်ဝိုင် pressure ပြသော Gauge ဖြစ်ပါတယ်..မြန်ပြည်မှာ တော့ အသုံးများပါတယ်..ခင်ဗျား...




နောက်ထပ် မီးစက်အပိုပစ္စည်းများစွာ ရှိပါတယ်..လိုင်းကောင်းမှ ထပ်တင်ပါဦးမည်။။                  

Saturday, July 20, 2013

ဆောက်လုပ်ရေးလုပ်ငန်းကြီးများ ၊ ဆောက်လုပ်ရေးအင်ဂျင်နီယာများအတွက် Ultrasonic Pulse Velociy for concrete testing

UPV  meter ဖြစ်ပါတယ်..တံတားကြီးများ ၊ အထပ်မြင့်အဆောက်အအုံများ ၊Pile ရိုက်သောလုပ်ငန်းများ တွင် အများဆုံးအသုံးပြုကြသည်။ ယခုဖော်ပြပါမီတာမှာ made in Switzerland ဖြစ်သည်။ အိမ်နီးနားချင်းနိုင်ငံများ ထဲမှ Singapore  , China တွင် မှယူနိုင်သည်။ မြန်မာပြည်တွင် ၀ယ်ပါက ကျပ်သိန်းကိုးဆယ်နီးပါးကျသင့်သည်။ မှာယူပါက ဒေါ်လာ ၈၀၀၀ ၀န်းကျင် ကျသင့်မည်။

စက်မှုလုပ်ငန်းရှင်များ၊ စက်ရုံပိုင်ရှင်များအတွက် သတင်းကောင်း




ယခင် ၁၀ စုနှစ်များလောက်က ရှာဖွေဝယ်ယူရမလွယ်ကူခဲ့သော စက်ပစ္စည်း ။ လျှပ်စစ်ပစ္စည်းများကို ယခုအခါ လွယ်ကူစွာ ၀ယ် ယူလို့ရနိင်ရန် ခောတ်ပညာတတ်လူငယ်အင်ဂျင်နီယာ ၊ အတတ်ပညာရှင်များမှ ဘလော့များ ၊ facebook စာမျက်နှာများပေါ်တွင်မိတ်ဆက်ဖော်ပြလာခြင်းကြောင့် အဆင်ပြေလာကြောင်းသိရသည်။ဥပမာ. Pneumatic equipments များ ၊ အင်ဂျင်နီယာသုံး RPM meters များစသည် တို့ဖြစ်သည်။