Sunday, July 21, 2013

မီးစက်ကြီး အပို ပစ္စည်းများ နှင့် ဈေးနှုန်းများအကြောင်း

မီးစက်ကြီး များ တွင် အဓိက ပျက်စီးတတ်သော ပစ္စည်းများ မှာ -

( ၁ ) Automatic voltage Regulator ( AVR ) မီးစက်အထွက်ဗို့အားကို တည်ငြိမ်စေသော AVR ကဒ်။
     အရည်အသွေးကောင်းသော  နိုင်ငံခြားမီးစက်များတွင် တွဲလျှက်ပါသော  Original AVR များမှာအရည်အ
   အသွေး ကောင်းပြီး ပျက်စီးသွားပါက ပြုပြင်လို့ မရနိုင်ပါ..အများဆုံးပျက်စီးတတ်သော အကြောင်းများမှာ မီးစက်မောင်းသူ ( Operator ) ရဲ့ အမှား ကြောင့်လည်းဖြစ်တတ်သည်။ ဥပမာ။  ။ မီးစက်ကို load ဆွဲနေချိန် တွင် Main Breaker ကိုမချဘဲ ခဏခဏ ပိတ်ခြင်း။ ထို့အပြင်  မီးစက်ကို မိုးရေထဲတွင် အကာအရံ နည်းစွာ ဖြင့် ထားခြင်းကြောင့်  AVR  ကို ရေငွေ့ ရိုက်ခြင်းကြောင့်လည်းပျက်စီးတတ်သည်။
                         ပျက်စီးသွားပါက Original AVR ၀ယ်ယူရသည်မှာ မြန်မာပြည်တွင် ခက်ခဲသည်။ ရရှိပါက ဈေးမှာ အင်မတန်ကြီးနေတတ်ပါသည်။ DENYO card များဆိုလျှင် ၁၀ သိန်းနီးပါးကျမည်။ Stamford card ဆိုလျှင် ၁၀ သိန်းကျော်သည်။ အခြား ပြင်သစ် brand များဆိုပါက ၀ယ်လို့ မရပါ..မှာယူပါ က တစ်လ ၊ နှစ်လ မီးစက်မမောင်းဘဲရပ်လို့စောင့်ရသည်။ 
                       လွယ်ကူစွာ ဖြေရှင်းလို့ရတာကတော့ ... Universal Automaitc Voltage Regulator များပင်ဖြစ်သည်။ ဥပမာ။။ ထိုင်ဝမ် ကဒ်များ ၊ တရုတ်ကဒ်များ ၊ စင်္ကပူကဒ်များ ဖြစ်သည်။ ပုံတွင်ကြည့်နိုင်သည်။

 ဒီကဒ်ကတော့  Stamford အတွက်ဖြစ်ပါတယ်..ဈေးလည်းသိပ်မကြီးပါ ဘူး ..၀ယ်ရတာလည်းလွယ်တယ်..တပ်ရတာလည်းလွယ်ပါတယ်.. Model : SX -440 ဖြစ်ပါတယ်..      
DC Amp: 5 Amp ရှိပြီး Dc 90 Volt အလုပ်လုပ်ပေးပါတယ်..




 အခြား Universal AVR  မျိုးစုံလည်းရှိပါတယ်..
 ဒီကဒ်က 8 A , 12A , 15A ဆိုပြီး သုံးမျိုးလာပါတယ်..8A က 50KVA   လောက်သုံးလို့ ရတယ်..12A က 100 to 150 KVA လောက်သုံး လို့ရတယ်..15A က 300 KVA လောက်ထိသုံးလို့ ရတယ်လို့ အကြမ်းဖျင်း ယူဆလို့ရပါတယ်..
Model  : GAVR 8A
              GAVR 15A
              GAVR 12A
              GAVR 20A ( အများဝယ်လိုလျှင်အထူးဈေးနှုန်းကြောင့် အများကြီး သက်သာပါတယ်..၀၉၇၃၀၆၉၀၈၆ မှာ ၀ယ်နိုင်ပါတယ်မြန်မာပြည်မှာ လက်ရှိ အသုံးအများဆုံးကဒ်ပါပဲ.)

ဒီကဒ်လည်း ဒုတိယ အများဆုံးအသုံးပြုတဲ့ ကဒ်လို့ ပြောလို့ရပါတယ်..
Model : sx 460    
                                      




ဒီကဒ်က ထိုင်ဝမ်း အစစ်ရရင် ပိုကောင်းပါတယ်..ထိုင်ဝမ် kutai company ကထုတ်တာပါ..company က မော်ဒယ်သစ်တွေကြောင့်မထုတ်တော့ ဘူးလို့လည်းကြားနေတယ်..ဟုတ်မဟုတ်တော့မသေချာပါ. China ကလည်းထုတ်ပါတယ်..မဆိုးပါဘူး .ကောင်းပါတယ်..ထိုင်ဝမ် လောက်တော့ မကြိုက်ဘူးလို့ ဆရာ့ဆရာ ရန်ကုန်ကမီးစက်ဆရာအင်ဂျင်နီယာ များထံမှ ကြားရကြောင်းပါ...ဈေးကတော့ မသက်သာပါ.. အခြားကဒ်များထက်  များပါတယ်...တည်ဆောက်ထားတဲ့ Diode , SCR တွေက အခြားကဒ်တွေထက် တောင့်တယ်လို့ သိရပါတယ်..ဒါကြောင့် ဈေးကြီးတာလို့ အင်ဂျင်နီယာများမှ မှတ် ချက်ချကြပါတယ်..ထိုင်ဝမ် ကဒ် အစစ်ကိုတော့ Royal Myanmar Trading , Ph; 680981 , 0973052265 မှာ ၀ယ်ယူနိုင်ပါတယ်..ဈေးက ကိုယ်တိုင်တာ မေးကြည့်ပြီး ဆစ်ကြပါ..
ဒီပုံး က လည်း AVR ပဲ ဖြစ်ပါတယ်..
Model : 45A , 90/180V DC
              25A , 90 / 180 VDC
ကာဘွန်ထောက်သုံးသောမီးစက်များ ( Brush type ) တွေ အတွက် အထူး သင့် လျှော်ပါတယ်..သိပ်ကောင်းတဲ့ AVR ဖြစ်ပါတယ်..DC Amp; တောင့်တင်းပါတယ်..ဒါပေမဲ့ နေရာတော့ ယူပါတယ်..မီးစက်ထဲ ထည့်လို့ မရရင် အပြင်မှာ ထိုင်မယ်ဆိုရင်တော့ အစိုဓာတ် နှင့် အင်းဆက် အန္တရယ် သတိပြုပြီး တပ်ဆင်ပါ..ဒါမှ ကြာရှည်စွာအသုံးပြုနိုင်မှာ ဖြစ်ပါတယ်..

( ၂ ) ဒုတိယ အပျက်အများဆုံးက မီးစက်မှ water temperature Sensor and Gauge  , Oil pressure Sensor and Gauge ဖြစ်ပါတယ်..


water temperature sensor ဖြစ်ပါတယ်..
                    


   
water temperature gauge ဖြစ်တယ်..Sensor and Gauge ရော နှစ်မျိုးလုံး ဟာ တရုတ်နိုင်ငံ နာမည်ကြီး VDO  တံဆိပ်ဖြစ်ပါတယ်..တရုတ်တော့ တရုတ်ပါ..ဒါပေမဲ့ Quality ကောင်းပါတယ်ခင်ဗျ..အာမခံပါတယ်..
ဒီထက်ကောင်းတာကတော့ ထိုင်ဝမ်ထုတ်တွေရှိပါတယ်..ဈေးကြီးပါ တယ်..တပ်မတော်ခန်းမမှာ လုပ်သွားတဲ့ Taiwan EMMA ပြပွဲမှာလည်း လာပြသွားပါတယ်..ဒါပေမဲ့ မြန်မာပြည် ကိုယ်စားလှယ်တော့ မရသွား ရှာဘူးထင်တယ်..

                    Oil pressure sensor VDO တံဆိပ်ဖြစ်ပါတယ်..






                         Oil pressure gauge ဖြစ်ပါတယ်..အင်ဂျင်ဝိုင် pressure ပြသော Gauge ဖြစ်ပါတယ်..မြန်ပြည်မှာ တော့ အသုံးများပါတယ်..ခင်ဗျား...




နောက်ထပ် မီးစက်အပိုပစ္စည်းများစွာ ရှိပါတယ်..လိုင်းကောင်းမှ ထပ်တင်ပါဦးမည်။။                  

No comments:

Post a Comment