Monday, July 22, 2013

စက်ရုံသုံး ၊ အိမ်သုံးမော်တာများ။

 ရန်ကုန် နှင့် မြန်မာဈေးကွက်ရှိ စက်ရုံသုံးအိမ်သုံးမော်တာအများ စုမှာ တရုတ် နိုင်ငံ ထုတ်မော်တာများ ဖြစ် သည် တံဆိပ်အားဖြင့်  PEM , KEM , MINGTONG  တံဆိပ်များမှာ အများဆုံးအသုံးပြုသောတံဆိပ်များ   ဖြစ်သည်။ ယခု 2013 တွင် PEM သည် အသုံးအများဆုံးဖြစ်လာသည်ဟု ခန့်မှန်းရသည်။ သို့သော် အရည်အသွေးသင့်သော Singapore Made   ..ATT  တံဆိပ်လည်းဈေးကွက်တွင် ရပ်တည်လာသည်။ Quality ပိုင်းတွင် အမှန်တကယ်စိတ်ချရသော Japan Made , Taiwan Made မော်တာများကို လည်း အသုံးပြု  ရန် အတွက် ၀ယ်ယူရရှိနိုင်သည်။ Mitsubishi (  Japan Made ) , Teco ( Taiwan Made ) များမှာ  Quality သိပ်   ကောင်းပါတယ်..လို့ကျွမ်းကျင် အင်ဂျင်နီယာများမှ မှတ်ချက်ပေးပါတယ်.ဒါပေမဲ့ ဈေးအနေအထား  
တရုတ်နိုင်ငံထုတ်မော်တာများထက် အတော်ကွာပါတယ်... Teco ( made in Taiwan ) အစစ်သည် နိုင်ငံပေါင်း  ၄၀ ကျော်ရောင်းချနေသော မော်တာ ဖြစ်သည်။ အချို့Mitsubishi Air con တွင် ပါဝင်သော Fan motor သည် Teco တံဆိပ်ဖြစ်သည်ဟု အချို့ဆရာများမှ ပြောကြားသည်။ ထို့ကြောင့် Teco motor သည် ယုံ ကြည်စိတ်ချစွာ အသုံးပြုနိုင်ကြောင်းသိရသည်။ Han Sein Thant Company သည် ရန်ကုန်ရှိ ရေတွန်းပန့် နှင့် အခြားရေတွန်းစက်ရုံ ပရောဂျက်များတွင် Teco Motor များကို အများစုသုံးထားသည်ကို တွေ့ရသည်။ မြန်မာ နိုင်ငံတွင် Teco motor တင်သွင်းသူ ( ၃ ) ဦး ရှိသည်ဟု ဈေးကွက်အတွင်းမှ သိရသည်။ Thailand တွင် လည်း Teco အခြေစိုက် အေးဂျင့်ရှိသည်ဟုသိရသည်။
                  အချို့ စက်မှုအင်ဂျင်နီယာများ၊ စက်ရုံပိုင်ရှင် များ နှင့် စက်ဆရာများမှာ မော်တာကို ဈေး သက်သာမှုတွင် သာကြည့်တတ်ကြသည်။  Brand name ရဲ့ နောက်ကြောင်း ၊ အစစ်မှန် ဟုတ်မဟုတ် နှင့် တံဆိပ်ပေါ်ရှိ  အသိအမှတ်ပြု အမှတ်အသားများသည် မှန် / မမှန် ကို သိပ်ပြီး မဆုံးဖြတ်တတ်ကြဟုယူဆပါ သည်။ ကြေးကျွိုင်စစ်လား ၊ စစ်ရင် ဈေးသက်သာမှုကိုဘဲ ရွေးချယ်ကြသည်။ ဒါကြောင့် တစ်ချို့  ကျွန်တော် တွေ့ဖူးသော ဆန်စက်ပိုင်ရှင်တစ်ယောက်ဆိုလျှင် 20Hp မော်တာတစ်လုံး လောင်သည် မှာ အကြိမ် ပေါင်းသုံးကြိမ်းထက်မနည်းရှိပြီ ဟု သိရသည်။ ဆန်စက်သည် Heavy Duty Load အသုံးပြုသည်။ ထို့  ကြောင့်အရည်အသွေးသည် အဓိက ကျသည်။ မော်တာရဲ့ အတွင်းပိုင်းအစိတ်အပိုင်းများကို လေ့လာ ရန်တင်ထားပေးလိုက်ပါတယ်..
Gear Motor
မော်တာ ၀ယ်မယ်ဆိုရင် သူ့Company ရဲ့   Catalogue  ဟာလည်းအရေးကြီးပါတယ်..ကျွန်တော်မှာ teco မော်တာရဲ့ Catalogue ရှိလို့ တင်ပေးလိုက်ပါတယ်....




 








No comments:

Post a Comment